ဟင်္သာတမြို့နယ်တွင်  အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ထိုးနှံနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံမေးမြန်း

ဟင်္သာတမြို့နယ်တွင်  အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ထိုးနှံနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံမေးမြန်း

ဗန်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူနှင့် တွေ့ဆုံ မေးမြန်းခြင်း

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း ကာလများ၌ ရောဂါပိုးတွေ့ရှိမှု နည်းပါးခဲ့သော်လည်း ယခုတတိယလှိုင်းတွင် ရောဂါပိုးတွေ့လူနာ များပြားလာလျက်ရှိပါသည်။

ပူတာအိုမြို့နယ်၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေးခြင်းလုပ်ငန်း ပူးပေါင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Phase-3 အဖြစ် ထိုးနှံမည့် အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/ သူများအား ကာကွယ်ဆေး အောင်မြင်စွာ ထိုးနှံနိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းကို အောက်တိုဘာ(၁၁)ရက် ညနေ(၄)နာရီခွဲက မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စု ကားလမ်းမကြီး မြို့မရပ်ကွက်ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ လမ်းဆုံနှင့် ဟိုခိုရပ်ကွက်ရှိ အောက်ချိုင့်လမ်းဆုံ၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့အတွင်းရှိဒေသခံပြည်သူများအား ကိုဗစ် -၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းများကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း (၈)နာရီအချိန်တွင်ရပ်ကွက်(၃) အတွင်းရှိ လမ်းလေးခွဆုံများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့နယ်တွင် အခြေခံပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်းမှု  

ဗန်းမော်မြို့နယ်တွင် အခြေခံပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်းမှု 

ပေါင်မြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ဒုတိယအသုတ်၊ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁၂ ရက်နံနက် ၉နာရီက ဆေးထိုးစုရပ် (၁၀)နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရေး နိုင်ငံတော်မှစီစဉ်ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ မော်လမြိုင်မြို့နယ် ပညာရေးမှူး ဦးဝင်းဇော်ဦးနှင့် တွေ့ဆုံမေးမြန်း

မေး။ ဆရာကြီးမင်္ဂလာပါရှင့်၊ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်ဆောင်ရွက် ထားရှိမှု သိချင်ပါတယ်ရှင့်။

ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးများ ဦးစားပေးအုပ်စုများအလိုက် ဆက်လက် ထိုးနှံပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) မထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းနှင့် အတူနေ မိသားစုဝင်များ၊ စျေးသူ၊ စျေးသားများ၊ သယ်ယူပို့ဆောင်ရေးမှ ဝန်ထမ်းများ၊ မသန်စွမ်းသူများကို ယနေ့ နံနက် ၉ နာရီ အချိန်မှစတင်၍ အမှတ်(၆)ရပ်ကွက် ရှိသာသနာ့ဗိမာန်တော်ကြီးတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဦး၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများကကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် လမ်းညွှန်ချက်များနှင့်အညီကာကွယ် ဆေးများကို ထိုးနှံပေးလျက်ရှိသည်။

ညောင်တုန်းမြို့၌ အသက် ၁၂နှစ်အထက် ကျောင်းသား/ သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား/ သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး "ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့" အသိပညာပေး ကြော်ငြာဆိုင်းဘုတ် စိုက်ထူးခြင်းနှင့် နှာခေါင်းစီး (mask)များ ဖြန့်ဝေခြင်းကို ယမန်နေ့လယ်၁နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှေ့၌ ဆောင်ရွက်ခဲ့သည်။

တိုက်ကြီးမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၂)နှစ် နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ညပိုင်းအချိန်က မော်တော်ယာဉ်ဖြင့် လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to