တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) တတိယအကြိမ် (ပထမအသုတ်) စတင်ထိုးနှံပေးလျက်ရှိ
ကျောက်ဆည်ခရိုင် တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် ၊ သုခိတ ကမ္ဘောဇဗိမာန် ၊ တံတားဦးမြို့နယ် တိုက်နယ် ဆေးရုံများနှင့် ကျေးလက် ကျန်းမာရေးဌာနတို့တွင် စုရပ်အဖြစ်သတ်မှတ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈)နှစ်အထက် ပြည်သူများကို ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ ရှင်ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်တွင် တတိယအကြိမ် (ပထမ အသုတ်)ကို စတင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည် ။