မော်လမြိုင် အောက်တိုဘာ ၁၂
မေး။ ဆရာကြီးမင်္ဂလာပါရှင့်၊ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်ဆောင်ရွက် ထားရှိမှု သိချင်ပါတယ်ရှင့်။
ဖြေ။ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ တွေကို ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးဖို့ လမ်းညွှန်လာတဲ့အချိန်တည်းက မော်လမြိုင် မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူတွေရဲ့ စာရင်းတွေကိုအရင်ဆုံးကြည့်ရှုပါတယ်၊ ကြည့်ရှုပြီးသက်ဆိုင် ရာကျောင်းနဲ့ ကျောင်းမိသားစုအလိုက်ခွဲပြီးတော့ ဆေးထိုးစဉ် စုရပ်တွေကိုစီစဉ်ဆောင်ရွက် ထားရှိပါတယ်။
မေး။ လက်ရှိအနေဖြင့် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးဖို့အတွက် မော်လမြိုင်မြို့နယ်အတွင်း ကျောင်းပေါင်း အရေအတွက် နှင့် အသက်(၁၂)နှစ်နှင့် အထက် ကာကွယ်ဆေးထိုးမည့် ကျောင်းသားဦးရေ စာရင်းသိချင်ပါတယ်ရှင့်။
ဖြေ။ မော်လမြိုင်မြို့နယ်အနေဖြင့်အခြေခံပညာကျောင်းပေါင်း(၁၄၇)ကျောင်းရှိပါတယ်၊အဲဒီထဲကမှ ထက်ဆင့်သင်တဲ့ ကျောင်းပေါင်း(၂၆)ကျောင်းရှိပါတယ်၊ အလယ်တန်း အဆင့်သင်တဲ့ ကျောင်း ပေါင်း(၃၄)ကျောင်းရှိပါတယ်၊ တပ်မတော်ကျောင်းအနေဖြင့်(၁) ကျောင်းရှိပါ တယ်၊ဘုန်းတော် ကြီးသင် ပညာရေးကျောင်းအနေနဲ့ကတော့ (၈)ကျောင်း ရှိပါတယ်။ ကိုယ်ပိုင်ကျောင်းများ အနေနဲ့ကတော့ (၁၃)ကျောင်းရှိပါတယ်၊ အခြေခံပညာ အဆင့်မှာ ဆိုရင် အထက်တန်းအဆင့် ကျောင်းသား(၂၀၇၅)ဦး ရှိပြီးတော့ အလယ်တန်း အဆင့် ကျောင်းသား(၆၆၇၄)ဦး စုစုပေါင်း (၈၇၄၉) ဦး ရှိပါတယ်။ တပ်မတော် ကျောင်းအနေဖြင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၀၁)ဦးရှိပါတယ်၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှာတော့(၂၇၈)ဦးရှိပါတယ်။ကိုယ်ပိုင်ကျောင်းများမှာတော့ (၄၅၉)ဦး ရှိပါတယ်၊ မော်လမြိုင်မြို့နယ် တစ်မြို့နယ်လုံး အနေဖြင့် အလယ်တန်းနှင့် အထက်တန်းအဆင့့်် ကျောင်းသား၊ကျောင်းသူဦးရေ စုစုပေါင်း(၁၂၈၇)ဦး ကို ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးဖို့အတွက် ပြင်ဆင်ဆောင်ရွက်ထားပါတယ်။
မေး။ မော်လမြိုင်မြို့နယ်အတွင်းမှာကိုဗစ်-၁၉ကာကွယ်ဆေးထိုးစုရပ် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အပိုင်းကိုလည်း သိချင်ပါတယ်ရှင့်။
ဖြေ။ ကျောင်းမိသားစုဆေးထိုးစုရပ်အနေဖြင့်(၁၈)စုရှိပါတယ်၊ ဆေးထိုးစုရပ်(၁၈)စုရပ်လုံးပြင်ဆင် ဆောင်ရွက်ထားပါတယ်၊ အဲဒီဆေးထိုးစုရပ်တွေမှာ မော်လမြိုင်မြို့နယ် ကျန်းမာရေးဌာနမှ ဆေးထိုးအဖွဲ့(၆)ဖွဲ့ခွဲ၍ ကာကွယ်ဆေးထိုးနှံပေးမှာ ဖြစ်ပါတယ်။
မေး။ ကိုဗစ်-၁၉ကာကွယ်ဆေးကို နိုင်ငံတဝှမ်းလုံး လွှမ်းခြုံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံ ပေးမှုအပေါ် ပညာရေးဌာနဝန်ထမ်းတွေအနေဖြင့် ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်ပါသလား သိချင်ပါတယ်ရှင့်။
ဖြေ။ ဝန်ထမ်းပေါင်း(၁၉၈၁)ဦးရှိပါတယ်။ ယင်းတို့ထဲမှ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပြီးသူ ဆရာ၊ ဆရာမ(၁၈၉၀)ဦးရှိတဲ့အတွက် (၈ဒသမ၅)ရာခိုင်နှုန်းအကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးဖို့ ကျန်ရှိပါတယ်။ ကျန်ရှိသူတွေကို ရာနှုန်းပြည့်ထိုးနှံပြီးစီးအောင်လည်း ဆရာ၊ ဆရာမတွေကို စည်းရုံးပြီးတော့ ထိုးနှံဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်။
မေး။ ဆရာကြီးအနေနဲ့ အသက်(၁၂)နှစ်နှင့် အထက် အထက်တန်းနှင့် အလယ်တန်း အဆင့် ကျောင်းသား၊ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးမှုအပေါ် ပညာရေးဌာနတာဝန်ရှိသူ တွေ၊ ကျောင်းသားမိဘတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမှု အခြေအနေကိုလည်း သိချင် ပါတယ်ရှင့်။
ဖြေ။ အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းဆင့်သင်တဲ့ ကျောင်းတွေအားလုံး မြို့နယ် ပညာရေးမှူးရုံး တွေ့ဆုံပြီးတော့ ကျောင်းအုပ်ကြီးတွေကို ထိုးနှံပေးမယ့် ကာကွယ်ဆေး ပြောပြတယ်၊ ဒီဆေးကို နိုင်ငံတကာမှာလည်း အသက်(၃)နှစ်မှ (၁၇)နှစ် အတွင်းမှာရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေကို နိုင်ငံတကာထိုးနှံနေပြီးဆိုတဲ့ အချက်လေးတွေကို အသိပေး ရှင်းပြပါတယ်။ ဆရာတို့အနေနဲ့ဒီအသိပေးရှင်းပြချက်တွေကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီး များမှတစ်ဆင့် ကျောင်းသားမိဘတွေနဲ့ တွေ့ဆုံပြီးတော့ ကာကွယ်ဆေးထိုးနှံ ပေးမယ့် အစီအစဉ်တွေကိုပြောပြမယ်။ ကာကွယ်ဆေးထိုးပေးခြင်း အားဖြင့်ကျောင်းသား၊ ကျောင်းသူ တွေအတွက်ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိလာမယ် ဒီရောဂါနှင့် ပတ်သက်ပြီးတော့ ဘယ်လောက်ထိ ကာကွယ်နိုင်မလဲဆိုတာ အနေအထားတွေကိုသဘောပေါက်နားလည်အောင် ရှင်းပြပေးပြီးတော့ ဒီဆေးထိုးလုပ်ငန်း အောင်မြင်အောင် စီစဉ် ဆောင်ရွက်သွားဖို့ ရှိပါတယ်။
မေး။ ကျောင်းသား၊ ကျောင်းသူတွေကို ထိုးနှံပေးမည့် ကာကွယ်ဆေးအမျိုးအစား၊ အသက်အရွယ် အနေနဲ့ ဘယ်အရွယ်ထိုးနှံဖို့ လိုအပ်ပါသလဲ သိချင်ပါတယ်ရှင့်။
ဖြေ။ ကာကွယ်ဆေး အမျိုးအစားကတော့ (Sinovac) အမျိုးအစားဖြစ်ပါတယ်။ ဒီကာကွယ်ဆေး က အသက် (၃)နှစ်မှ (၁၇)နှစ်အတွင်းမှာရှိတဲ့ ကလေးတွေကိုထိုးပေးနိုင်တယ်လို့သိရှိထားပါ တယ်။ဒါကြောင့်မို့ ဒီကာကွယ်ဆေးတွေကို ထိုးနှံတဲ့နေရာမှာ ကလေးတွေအားလုံးလွှမ်းခြုံ နိုင်အောင်ဆရာတို့အနေနဲ့စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျောင်းသား၊ကျောင်းသူတွေ အနေနဲ့ရော ကာကွယ်ဆေးထိုးနှံထားခြင်းအားဖြင့် ကျောင်းတက် တဲ့အခါမှာသူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချမှု ရှိလာမယ်။ ဒီရောဂါကာကွယ်နိုင်စွမ်း ရှိလာမယ်ဆိုရင် ဒီကလေးတွေရဲ့ ပညာသင်ကြားရေးလုပ်ငန်းတွေမှာ ထိထိရောက်ရောက်နဲ့ သူတို့စိတ်ချ ယုံကြည်စွာနဲ့ ဆရာ၊ ဆရာမတွေဘက်ကလည်း သင်ကြားရေးလုပ်ငန်း စိတ်ချယုံကြည်စွာ ဆောင်ရွက်နိုင်မယ်၊ ကလေးတွေ ကျောင်းတက်တဲ့အပိုင်းကရော စိတ်ချယုံကြည်စွာနဲ့ ကျောင်းတက်နိုင်မယ် ဆိုရင် ဆရာတို့ရဲ့ပညာရေးအခန်းကဏ္ဍ ပိုပြီးအဆင်ပြေလာမယ်၊ သင်ကြားရေးလုပ်ငန်းတွေ ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့် ဆရာတို့အနေနဲ့ ယုံကြည်ပါတယ်။
မေး။ ဆရာအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးမှုအပေါ် ပညာရေး ဌာနတာဝန်ရှိသူတစ်ဦးအနေဖြင့် ဝမ်းသာပီတိစကား ပြောပေးစေချင်ပါတယ်ရှင့်။
ဖြေ။ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို အခြေခံပညာကျောင်းတွေမှာရှိတဲ့ ဆရာ၊ ဆရာမတွေကို ထိုးနှံပေးတယ်၊ ထိုးနှံပေးတဲ့နေရာမှာလည်း ဆရာ၊ ဆရာမတွေအတွက် ပညာရေးလုပ်ငန်း၊ သင်ကြားရေးလုပ်ငန်း ဆောင်ရွက်တဲ့နေရာမှာ ပိုပြီးတော့ ယုံကြည်စိတ်ချမှုနဲ့ ပြည့်ပြည့်စုံစုံ ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ ကလေးတွေကိုဆက်လက်ပြီးတော့ ထိုးနှံပေးတဲ့အတွက် ဆရာတို့ပညာရေးဆိုတာက အစုအဖွဲ့နဲ့စုစည်းတဲ့နေရာဖြစ်တဲ့အတွက် တကယ်တမ်းကူးစက် မယ်ဆိုရင် ကူးစက်မှုမြန်ဆန်တဲ့ နေရာဖြစ်ပါတယ်။ ကာကွယ်ဆေးကို ပြည့်ပြည့်ဝဝထိုးပေး လိုက်မယ်ဆိုရင် ဆရာ၊ဆရာမတွေအတွက် သင်ကြားရေးအပိုင်းမှာ စိတ်ချလက်ချနဲ့ အောင် အောင်မြင်မြင် ဆောင်ရွက်နိုင်မယ်။ ကလေးတွေအတွက် ပညာသင်ယူမှုကို ပိုပြီးတော့ အထောက်အပံ့ ဖြစ်စေမယ်။ မိဘတွေအတွက်လည်း မိမိတို့ သား၊ သမီးတွေအတွက်ပိုပြီး တော့ ယုံကြည်စိတ်ချမှုဖြစ်လာမယ် ဖြစ်ပါတယ်၊ဒါကြောင့်မို ဆရာတို့အနေနဲ့ကတော့ပညာ ရေးဌာနတာဝန်ရှိသူတစ်ယောက်အနေနဲ့ ဒီလိုမျိုးလုပ်ငန်းကို နိုင်ငံတော်မှ အကုန်အကျခံပြီး တော့ပညာရေးလုပ်ငန်းကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်အောင် ဝိုင်းဝန်းဆောင်ရွက် ပေးတဲ့အတွက်ပညာရေးဝန်ထမ်းတစ်ယောက်အနေနဲ့ လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ပါတယ်၊ ဝမ်းသာမိပါတယ်၊ ဆက်လက်ပြီးတော့ ဒီကာကွယ်ရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ပါစေလို့ ဆရာအနေနဲ့ဆန္ဒပြုပါတယ်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါကြောင့် ထိခိုက်နစ်နာမှုများတွင် လူမှုစီပွားဘဝအပါအဝင် ပညာရေးကဏ္ဍသည်လည်း ပါဝင်သည်။ ထို့ကြောင့် ကျောင်းနေအရွယ် ကလေးများအားလုံး ကျန်းမာပျော်ရွှင်စွာဖြင့်ပညာသင်ကြားနိုင်ရေးအတွက်ကာကွယ်ဆေးဖြင့်လွှမ်းခြုံအပ်သောအနာဂတ်ပန်းခင်းများဆီသို့ဆောင်ပုဒ်နှင့်အညီ ပညာသင်ယူအခွင့်အလမ်းများ ရရှိလာစေရန်၊ ကာကွယ်ဆေး လွှမ်းခြုံမှုအလျင်အမြန်ရရှိစေရန်နှင့်မိသားစုနှင့်ပတ်ဝန်းကျင်သို့ရောဂါကူးစက်ပြန့်ပွားမှုကိုထိရောက်စွာကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကကျသည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။
တွေ့ဆုံမေးမြန်း- ဇာဖြူဝင်း(ပြန်/ဆက်)