ပူတာအိုမြို့နယ်၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေးခြင်းလုပ်ငန်း ပူးပေါင်းဆောင်ရွက်

ပူတာအို အောက်တိုဘာ ၁၂

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Phase-3 အဖြစ် ထိုးနှံမည့် အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/ သူများအား ကာကွယ်ဆေး အောင်မြင်စွာ ထိုးနှံနိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းကို အောက်တိုဘာ(၁၁)ရက် ညနေ(၄)နာရီခွဲက မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စု ကားလမ်းမကြီး မြို့မရပ်ကွက်ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ လမ်းဆုံနှင့် ဟိုခိုရပ်ကွက်ရှိ အောက်ချိုင့်လမ်းဆုံ၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်ဝင်းမြတ်ဖြူနှင့်အဖွဲ့ဝင်များက “ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ” စာသားပါ ဗီနိုင်းဆိုင်းဘုတ်အား လူအသွားအလာများ၍ လူအများမြင်သာသည့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့လမ်းဆုံနှင့် အောက်ချိုင့်လမ်းဆုံတို့တွင် ပူးပေါင်းစိုက်ထူပေးခဲ့ ကြသည်။

ထို့အပြင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးချစ်ဦးဆောင်သော ပူးပေါင်းအဖွဲ့များသည် မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုကားလမ်းမကြီးတွင် လမ်းဖြတ်သန်းသွားလာသည့် ပြည်သူများအား အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမည့် အစီအမံများအား မိမိပတ်ဝန်းကျင်ရှိ ကျောင်းသား/ သူများအား တဆင့်အသိပေးနိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး “ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့” စာသားပါ အသိပညာပေးလက်ကမ်း စာစောင်(၃၀၀)နှင့် လမ်းသွားလမ်းလာပြည်သူများအား Mask စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်းများ ပြုလုပ်၍ Mask အခု(၁၀၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်