မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်

မန့်ဟီးရိုး  အောက်တိုဘာ  ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့အတွင်းရှိဒေသခံပြည်သူများအား ကိုဗစ် -၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက်အသိပညာပေးနှိုးဆော်ခြင်းများကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း(၈)နာရီအချိန်တွင်ရပ်ကွက်(၃) အတွင်းရှိ လမ်းလေးခွဆုံများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ကိုဗစ် ၁၉ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ထိန်း ချုပ်ရေနှင့် ရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်မြို့ပေါ်ရပ်ကွက်များအတွင်း နေထိုင်ကြသည့် ပြည်သူများအားနေအိမ်ပြင်ပ ထွက်ခွါပါက နှာခေါင်းစည်း(Mask)ကိုစနစ်တကျ တပ်ဆင် ကြရန်၊ လူအများနှင့်ထိတွေ့ဆက်ဆံပါက  မျက်နှာကာ (Face Shield)ကို တွဲဖက်တပ်ဆင်ရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏစနစ်တကျဆေးကြောရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများနှင့် လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ တစ်ယောက်နှင့်တစ်ယောက် ပြောဆိုလိုပါက အနည်းဆုံး(၆)ပေအကွာမှ ပြောဆို ဆက်ဆံရန်၊ ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍စောစီးစွာကုသမှုခံယူရန်စသည့်ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ပေးရန်နှင့် အများပြည်သူများ စားဝတ်နေရေးအတွက် စားသောက်ကုန် ပစ္စည်းများကို မူဆယ်မြို့မှသယ်ဆောင်လာသည်ဖြစ်စေ၊အခြားမြို့နယ်များမှမိမိတို့မြို့ရှိ  ရပ်ကွက်/ကျေးရွာများ အတွင်းသို့ ဝင်ရောက်လာသည်ဖြစ်စေသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြို့အုပ်ချုပ်ရေးမှူးထံမှထောက်ခံချက် ရယူပြီးမှသာ ရောင်းချခြင်း၊နေထိုင်ခြင်းများဆောင်ရွက်ရန်တို့ကိုအသိပေးကြေညာခဲ့ကြောင်းသိရသည်။   

 စန္ဒာ