ပေါင် အောက်တိုဘာ ၁၂
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ဒုတိယအသုတ်၊ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁၂ ရက်နံနက် ၉နာရီက ဆေးထိုးစုရပ် (၁၀)နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအတွက် ပေါင်မြို့နယ်တွင် စုရပ် (၁၀) နေရာ သတ်မှတ်ကာ အသက် ၅၅နှစ်နှင့်အထက် မသန်စွမ်းသူများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးအစရှိသည့် နာတာရှည် ရောဂါအခံရှိများ၊ ဆရာတော်သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများကို ဦးစားပေးသတ်မှတ်ချက် အဆင့်များအလိုက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ထိုးနှံပေးလျက်ရှိပြီး ပထမအသုတ်အနေဖြင့် ဆေးထိုးနှံပြီးသူ (၉၁၅၈)ဦးရှိပြီး ဒုတိယအသုတ်နှင့်တတိယ အသုတ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူ (၅၅၀၅၅)ဦး ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ မြို့နယ်မီးသတ်ဆပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဝဏ္ဏမောင် (ပြန်/ဆက်)