ညောင်တုန်းမြို့၌ အသက် ၁၂နှစ်အထက် ကျောင်းသား/ သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ညောင်တုန်း အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား/ သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး "ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့" အသိပညာပေး ကြော်ငြာဆိုင်းဘုတ် စိုက်ထူးခြင်းနှင့် နှာခေါင်းစီး (mask)များ ဖြန့်ဝေခြင်းကို ယမန်နေ့လယ်၁နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှေ့၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ အဖွဲ့ဝင်( ၁) ဗိုလ်မှူးအောင်မျိုးသူ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးလှိုင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ အသက် ၁၂ နှစ်အထက် ကျောင်းသား/ သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး "ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့" စသည့် အသိပညာပေး ကြော်ငြာဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံရှေ့၊ မြို့မစျေးနှင့် လူအသွားအလာများသော နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်