စဉ့်ကိုင်မြို့နယ်တွင် ပန်းခင်းစီမံချက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပြည်သူများအတွက် ပန်းခင်း စီမံချက် ဥပဒေနှင့်အညီ ဒေသခံပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ အားလုံး ရရှိစေ ရန်ရည်ရွယ်၍ ပန်းခင်းစီမံချက် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉)နာရီက ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ မီးပွိုင့်လမ်းဆုံ နှင့်ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး သည့် စုရပ်နေရာများတွင်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။