တိုက်ကြီးမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်

တိုက်ကြီး အောက်တိုဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၂)နှစ် နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ညပိုင်းအချိန်က မော်တော်ယာဉ်ဖြင့် လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် အခြေခံပညာကျောင်းများရှိ အသက် (၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများ၊ ကိုယ်ပိုင်ကျောင်းများရှိ အလယ်တန်း၊ အထက်တန်းကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် မိဘအုပ်ထိန်း သူများ၏ သဘောတူညီချက်ခံဝန်ကတိလွှာ ဖြည့်သွင်းဆောင်ရွက်ခြင်းကို အောက်တိုဘာလ(၆) ရက်နေ့မှစ၍ သက်ဆိုင်ရာကျောင်းများတွင် လက်ခံဆောင်ရွက် ပေးလျက်ရှိရာ သဘောတူညီချက် ခံဝန်ကတိလွှာ ဖြည့်သွင်းပြီးသော အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအနေဖြင့် သတ်မှတ်ထားသော ကာကွယ်ဆေးထိုးမည့်စင်တာ (၁၃)ခုတို့တွင် အောင်တိုဘာ လ ၁၂ ရက်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ ကို​ဗစ် - ၁၉ ရောဂါကာကွယ်ဆေးများကို မပျက်မကွက် လာရောက်ထိုးနှံကြပါရန် အသိပညာပေးနှိုးဆော် တိုက်တွန်းခဲ့ပါသည်။

တိုက်ကြီးမြို့နယ်တွင် အ.ထ.ကကျောင်း(၁၀)ကျောင်း၊ အ.ထ.က(ခွဲ) (၁၄)ကျောင်း၊ အ.လ.က(၆) ကျောင်း၊ အ.လ.က(ခွဲ)(၁၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၀)ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း (၄)ကျောင်းတို့ရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ (၈,၀၀၀) ဦးကျော်ခန့်အား ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးအတွက် အသိပညာပေး နှိုးဆော်လုပ်ငန်းများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)