မိုင်းရယ်မြို့နယ်အတွင်း အသက်(၁၂)နှစ်အောက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေးအတွက် စီမံဆောင်ရွက်နေမှု မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်း
မေး။ မိုင်းရယ်မြို့နယ်အတွင်း အသက်(၁၂)နှစ်အောက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးဖို့ ပညာရေးဌာနအနေနဲ့ ဆောင်ရွက်ထားမှုများကို သိပါရစေ။
ဖြေ။ ပထမဆုံးကတော့ အလယ်တန်းကျောင်းသားရှိတဲ့ မူလတန်းလွန်ကျောင်းအဆင့်ကနေ အထက်တန်းကျောင်းအဆင့်အထိ ၁၂ နှစ် ပြည့်တဲ့ ကျောင်းသား/သူစာရင်းကို ပြုစုရပါ တယ်။ ပြီးတော့ဆေးထိုးမယ့် စုရပ်နေရာတွေ ဖွဲ့စည်းပါတယ်။ ပြီးတော့ ဆေးထိုး မည့် လျာထားစီမံချက်တွေ ရေးဆွဲတင်ပြထားပါတယ်၊ ယခုအခါမှာတော့ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံဖို့ အသင့်အနေအထားရောက်ရှိနေပါပြီခင်ဗျာ။