ရွှေပြည်သာ အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) မထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းနှင့် အတူနေ မိသားစုဝင်များ၊ စျေးသူ၊ စျေးသားများ၊ သယ်ယူပို့ဆောင်ရေးမှ ဝန်ထမ်းများ၊ မသန်စွမ်းသူများကို ယနေ့ နံနက် ၉ နာရီ အချိန်မှစတင်၍ အမှတ်(၆)ရပ်ကွက် ရှိသာသနာ့ဗိမာန်တော်ကြီးတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဦး၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများကကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် လမ်းညွှန်ချက်များနှင့်အညီကာကွယ် ဆေးများကို ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံရန် လာရောက်ကြသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် သတ်မှတ် နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ လိုအပ်သည့် ကူညီမှုများဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ အောက်ဆီဂျင် တိုင်းပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ ကြောင်းသိရသည်။
အေးမိုး( ပြန်/ဆက်)