သရက်ချောင်း အောက်တိုဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်၌ ယမန်နေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိ အတည်ပြု လူနာပေါင်း (၆၆၀)ဦး ရှိပြီး ရောဂါသက်သာ ပျောက်ကင်း၍ နေအိမ်သို့ ပြန်ခွင့်ရသူ စုစုပေါင်း (၆၀၃)ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ဖျားခြင်း၊နှာစေးချောင်းဆိုးခြင်း၊အနံ့အရသာ ပျောက်ခြင်းနှင့် လည်ချောင်းနာခြင်း စသည့်လက္ခဏာများကြောင့် လာရောက်ပြသသည့် ပြင်ပမှ လူနာများအား (တနင်္လာ၊ဗုဒ္ဓဟူးနှင့်သောကြာနေ့)များတွင် တာဝန်ခံဆရာဝန် ဒေါက်တာဝင်းဇော်ဦး၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT(Test-Kit)ဖြင့် အပတ် စဉ်စစ်ဆေး ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်၁၉ရောဂါပိုးအတည်ပြုလူနာများအား မြို့နယ်အားကစား ခန်းမနှင့် ပြည်သူ့ ဆေးရုံနေ ရာများတွင် ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ဆေးဝါးကုသမှု ခံယူနေစဉ် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူများအား ဆေးရုံဆင်းခွင့်ပြုခဲ့သူများအား မိမိနေအိမ်တွင် လည်း Home Quarantine (၇)ရက်တိတိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ သီးခြားနေထိုင်ကြရန် သတိပေးမှာကြား ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
သရက်ချောင်း မြို့နယ်တွင် အောက်တိုဘာ(၁၃)ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြု လူနာ (၆၆၀)ဦး၊ ဆေးဝါးကုသမှုခံယူနေသူ (၁၅)ဦး၊ သေဆုံးသူ(၃၈)ဦး၊ ကျန်းမာရေး ပြန်လည် ကောင်းမွန်၍ ဆေးရုံဆင်းခွင့် ရရှိသူ (၆၀၃)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော် မတီထံမှသိရသည်။
သရက်ချောင်း (ပြန်/ဆက်)