တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တောင်ကြီး  အောက်တိုဘာ  ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရီးစဉ် ညွှန်ကြားချက်နှင့် အောက်တိုဘာလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်၊ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးကိုကိုလွင်က ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ လုပ်ငန်းများအောင်မြင်ရေးအတွက် ဌာနအချင်းချင်း ပေါင်းစပ် ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ခရီးစဉ်ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းများကို သက်ဆိုင်ရာဌာနအလိုက် အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် ဖြစ်ပါ ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာ၌ အခက်အခဲများရှိပါက အချိန် မရွေးတင်ပြ ဆောင်ရွက် နိုင်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီး ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြကြရာ တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)