သံတွဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm 1/ 5dose(BIBP) အမျိုးအစားအား ဒုတိယအသုတ် (ဒုတိယအကြိမ်) စတင်ထိုးနှံပေးလျက်ရှိ

သံတွဲ အောက်တိုဘာ ၁၄

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ( Sinopharm 1/ 5dose(BIBP) အမျိုးအစားကို သံတွဲမြို့နယ် အတွင်းရှိ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအသုတ် (ဒုတိယအကြိမ်) အဖြစ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲအထိ စတင်၍ အမှတ်()အခြေခံ ပညာအထက် တန်းကျောင်းနှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာန ဆေးထိုး စင်တာ(၁၀)ခုတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ယခုရောက်ရှိလာသော ကာကွယ်ဆေးများကို အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အို (၇၃၄)ဦး၊ အသက်(၅၅)မှ (၆၄)နှစ်အတွင်း ၁၉၇၂ ဦး၊ ဘုန်းတော်ကြီးများနှင့် သာသနာ့ ဝန်ထမ်းများ(၁၂)ဦး မသန်စွမ်းသူ ၂၈ ဦး၊ နာတာရှည်ရောဂါရှိသူ ၁၁၉ဦး စုစုပေါင်း (၂၈၆၅)ဦး တို့အား ဆေးအလုံးရေ (၅၇၃)လုံးကို ဒုတိယအသုတ် (ဒုတိယအကြိမ်) ထိုးနှံပေးခဲ့ကြောင်း ခရိုင်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ယခင် ဒုတိယအသုတ်(ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၄၄၆၅)ဦး ရှိသည့်အနက် ယခု ဒုတိယအသုတ် (ဒုတိယအကြိမ်) လာရောထိုးနှံခဲ့သူ စုစုပေါင်း (၂၈၆၅)ဦးရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို အောက်တိုဘာ ၁၃ ရက်နေ့မှ အောက်တိုဘာ ၁၇ ရက်နေ့ထိ ထိုးပေးသွားမည်ဖြစ်ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ ခရိုင်ဆရာဝန်ကြီး ဒေါတ်တာရဲဝင်းထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက အနီးကပ်ကြီးကြပ် လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)