ဒဂုံမြောက် အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၅၁) ရပ်ကွက်ရှိ မာဂဓကျောင်းတိုက်၊ ပညာရာမကျောင်းတိုက်၊ မဟာစည်ရိပ်သာတို့တွင် သီတင်းသုံးနေထိုင်သော သံဃာတော်၊ သီလရှင်ဆရာလေးများနှင့် လူပုဂ္ဂိုလ်တို့အား ယနေ့နံနက်ပိုင်းက ကိုဗစ် ရောဂါပိုး ရှိ/မရှိ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မာဂဓကျောင်းတိုက်မှသံဃာ ၁၄ ပါး၊ ပညာရာမကျောင်းတိုက်မှ သံဃာ ၂၉ ပါး၊ မဟာစည်ရိပ်သာမှ သီလရှင်(၁)ပါးနှင့် လူပုဂ္ဂိုလ်(၄) ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူးဒေါက်တာတင်မူမြင့်၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူစစ်ဆေး ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုမရှိ ကြောင်းသိရသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)