ပုလော အောက်တိုဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ပုလောမြို့နယ်၌ အသက် ၁၂ နှစ် အထက် ကျောင်းသား၊ ကျောင်းသူများ ကို အောက်တိုဘာလအတွင်း ထိုးနှံပေးသွားမည်ဖြစ်ရာ ဆရာ/ မိဘနှင့် တာ၀န်ရှိသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် မြို့နယ်ကိုဗစ်−၁၉ ထိန်းချုပ် ရေးကော်မတီနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းက ရပ်ကွက်များအတွင်း အသိပေး နှိုးဆော် လှည့်လည် ကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်း လာပြီဖြစ်သလို နိုင်ငံတော် အစိုးရအနေဖြင့်လည်း ကျောင်းသား လူငယ်များ ပညာ လေ့လာ ဆည်းပူးခွင့်ရရှိစေရန် အတွက် အသက် (၁၂) နှစ် ကျောင်းသား၊ ကျောင်းသူ များ ကို သက်ဆိုင်ရာ ကျောင်းများ၌ စုရပ်ပြုလုပ်၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး များ ကို ထိုးနှံပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ထိုးနှံပေးမည့် ကျောင်းသား၊ ကျောင်းသူ အမျိုးအစားနှင့် ကာကွယ် ဆေးထိုး နှံရာ တွင် အဆင်ပြေစေရန်အတွက် ဆရာ/ဆရာမများနှင့်အတူ ကျောင်းသား မိဘ၊ အုပ်ထိန်း သူ သက်ဆိုင်ရာ တာ၀န်ရှိသူများက စနစ်တကျ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက် ပေးစေလိုကြောင်း၊ ထိုအတူ ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိကျစွာ လိုက်နာကြရန်နှင့် ပုလောမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ် ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ နေသူ များကိုလည်း ရောဂါ ကာကွယ်ဆေးများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် စုရပ် များ တွင် ထိုးနှံ ပေးလျက် ရှိရာ သွားရောက် ထိုးနှံ့ကြရန် အသိပေး ကြေညာခဲ့သည်။
အေးအေးမော် (ပုလော)