ကျိုက်ဒုံမြို့၌ ဒုတိယအကြိမ်အသက် ၁၈ နှစ်နှင့် အထက် ဦးစားပေး ထိုးသင့်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းများဆောင်ရွက်

ကျိုက်ဒုံ အောက်တိုဘာ ၁၄

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်းတွင် ယနေ့ နံနက် ၈နာရီက တိုက်နယ်ဆရာဝန်ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာများတွင်နေထိုင်သည့် အသက် ၁၈နှစ်နှင့်အထက် ဦးစားပေးထိုးသင့်သည့်မသန်စွမ်း၊EAOs အဖွဲ့များ၊ သံဃာ့တော်များအား၊ ကာကွယ်ဆေးထိုး ရန်ကျန်ရှိနေသေးသည့် အသက်၆၅နှစ်အထက် ဘိုးဘွားများ၊ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးရန်လာရောက်သည့် ပြည်သူများကို ကျန်းမာရေးဌာနဝန်ထမ်းများနှင့် ကျိုက်ဒုံမြို့ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များမှ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ စာရင်းရေးသွင်းခြင်း၊ လိုအပ်သည်များကို ကူညီပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်