ကျိုက်ဒုံမြို့၌ အသက်(၁၂)နှစ်အထက်ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံ

လတ်တလောအသက်ရှူလမ်း‌ကြောင်းဆိုက်ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လျော့နည်း ပပျောက် သွားစေရေးအတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဖြစ်သည့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ဟောင်သရောခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက အသက်(၁၂)နှစ်နှင့်အထက်ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများဖြစ်သည့် အခြေခံပညာ ကျောင်းများမှ အလယ်တန်း အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် အခြေခံပညာ အထက်တန်း/အလယ်တန်း ကျောင်းသား/သူ (၄၆၈၇)ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေး (Sinovac ) ပထမအကြိမ် စတင်ထိုးနှံပေး

"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော် အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac ကိုပထမအကြိမ် နိုင်ငံတစ်ဝှမ်း ထိုးနှံပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ရှိ ကျောင်းသား/သူ (၄၆၈၇)ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

လိပ်သိုမြို့၌ အသက် (၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် လျော့နည်းပပျောက်သွားစေရေး အတွက် ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများဖြစ်သည့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိရာ အသက် (၁၂)နှစ်အထက် အခြေခံပညာကျောင်းများမှ အလယ်တန်း ၊ အထက် တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က လိပ်သိုမြို့ အ.ထ.က ကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ကျိုက်ဒုံမြို့၌ အသက်(၁၂)နှစ်အထက်ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး များ စတင်ထိုးနှံ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ဟောင်သရောခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက အသက်(၁၂)နှစ်နှင့် အထက် ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများဖြစ်သည့် အခြေခံပညာကျောင်းများမှ အလယ်တန်း အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ရွှေပြည်သာမြို့နယ်၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊​ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

“ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို ကာကွယ် တားဆီးနိုင်ရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်ပြီး မြိုနယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်၉နာရီအချိန်မှ စတင်၍ သက်ဆိုင်ရာ ဆေးထိုးစုရပ် (၆)ခုဖြစ်သော အထက(၆)၊ အထက(၇)၊ အလက(၁)၊ အလက(၁၀)၊ အလက(၁၂)နှင့် အလက(၁၄)တို့တွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကာကွယ်ဆေး စတင်ထိုးနှံ

ကရင်ပြည်နယ်၊မြဝတီမြို့နယ် အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများမှ အသက် ၁၂ နှစ် အထက်ရှိသော ကျောင်းသား/ ကျောင်းသူများအား ယမန်နေ့နံနက်(၇)နာရီခွဲအချိန်ခန့်ကစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံပေးခဲ့သည်။
Subscribe to