ပြည်ကြီးမဏ္ဍိုင် မြို့တွင်အများပြည်သူသိရှိစေရန် ဒေသန္တရအမိန့် (၁/၂၀၂၁) အား လှည့်လည်ကြေညာ

ပြည်ကြီးမဏ္ဍိုင် အောက်တိုဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ယမန်နေ့ ညနေ ၃ နာရီ က     အများပြည်သူများသိရှိစေရန်     ဒေသန္တရအမိန့်   (၁/၂၀၂၁) ထုတ်ပြန်ချက်ကို မီးသတ်ယာဉ်ဖြင့်လှည့်လည် ကြေညာ ခဲ့ကြောင်း သိရသည်။

        

အဆိုပါ ကြေညာချက်တွင် နိုင်ငံတော်၏ အရေးပေါ်ကာလတွင် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို မလိုလားသော   နိုင်ငံရေး အစွန်းရောက်များ၊    အကြမ်းဖက်အုပ်စုများ ဖြစ် သည့် CRPH၊ NUG နှင့် PDF အဖွဲ့များသည်      နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေရန်အတွက် နေ့စဉ်ဖောက်ခွဲဖျက်ဆီးမှုများနှင့် အကြမ်းဖက်ဖျက်ဆီးမှုများ ရှိကြောင်း၊ မကြာမှီကာလတွင်    သီတင်း ကျွတ်မီးထွန်းပွဲတော်နှင့်   တန်ဆောင်တိုင်မီးထွန်း ပွဲတော်ကာလသို့    ရောက်ရှိတော့မည်ဖြစ်ကြောင်း   ယင်းကာလများကို အကြောင်းပြု၍    မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း၊ ဗျောက်အိုးမီးပန်းများ ပစ်ဖောက်ပြုလုပ်ခြင်းများပြု လုပ်လေ့ ရှိသဖြင့် အကြမ်းဖက် သမားများအနေဖြင့် ယင်းတို့ကို အခွင့်ကောင်းယူပြီး အကြမ်းဖက်မှုများ ကိုပိုမိုပြုလုပ်လာနိုင်ပါကြောင်း၊ သို့ဖြစ်၍ ပြည်သူ များအနေဖြင့် မီးရှူးမီးပန်းများ ထုတ်လုပ်ခြင်း၊သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း(သို့မဟုတ်) သိုလှောင်ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီထိရောက်စွာ  အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး၊   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဘုတ်ပြင်းမြို့နယ်က ထုတ်ပြန်လိုက်သည် စသည်တို့ကိုမြို့ပေါ်ရပ်ကွက်   ၃ ရပ်ကွက်အတွင်း   လှည့်လည်၍အသိပေးကြေညာပေးခဲ့ကြောင်းသတင်းရရှိသည်။

 

မျိုးလွင်