မိုးသည်းထန်စွာ ရွာသွန်းပြီး မန်းကျည်းပင်လဲကျ၍ ပျက်စီးခဲ့သည့် နေအိမ်တစ်လုံးအတွက် ထောက်ပံ့ငွေပေးအပ်

နေပြည်တော်    အောက်တိုဘာ    ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ၌ အောက်တိုဘာလ ၁၀ ရက်နေ့၊ ညနေ ၃ နာရီ အချိန်တွင်မိုးသည်းထန်မိုးသည်းထန်စွာရွာသွန်းပြီး မန်းကျည်းပင်လဲကျ၍ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်တစ်လုံးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။                

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ ဥတ္တရခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလင်းထင်ဦးနှင့် တာဝန်ရှိသူများက မန်းကျည်းပင်လဲကျ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်တစ်လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၀၀၀၀) ကျပ်နှင့် လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာတန်ဖိုးရန်ပုံငွေ (၄၂၀၀) ကျပ်၊ စုစုပေါင်း (၅၄၂၀၀) ကျပ်အား သဘာဝဘေး သင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)