ပိုင်ကျုံ အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စု၊ နို့ဖိုးခီးကျေးရွာတွင် လှိုင်းဘွဲမြို့ နယ်၊ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော ကျောက်ရော မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို စက်တင်ဘာလ (ပထမ) အပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကျောက်ရော မြေသားလမ်းသည် (အရှည် ပေ၂၀၀၀× အကျယ် ၁၈ပေ၊ ထု ၁ပေ) ရှိပြီး လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေကျပ် (၃၀) သိန်းဖြင့် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်နည်းပညာ အကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှုများနှင့် ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်း ပါဝင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းလုပ်ငန်းအား (၁၀၀) ရာခိုင်နှုန်း ပြီးစီးပါက မိုးနိုင်းကျေးရွာမှ ပြည်သူ တို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများအတွက် သွား/လာရေးလွယ်ကူ အဆင်ပြေလာမည်ဖြစ်ကြောင်း သိရ သည်။
ပိုင်ကျုံ (ပြန်/ဆက်)