ကသာ အောက်တိုဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့တွင်းသန့်ရှင်းသာယာ လှပရေးလုပ်ငန်းများကို နေ့စဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကသာမြို့ MPT ကုန်းအတက်တွင် ရောင်စုံကျောက်များဖြင့် ရောင်စုံကျောက်ပန်းကွက်များ ပုံဖော်ထားကြောင်း သိရသည်။
ကသာမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ယခုနှစ် ဩဂုတ်လဆန်းပိုင်းမှစတင်၍ မြို့တွင်းရှိ လမ်းမကြီးများနှင့် လမ်းသွယ်များမှ မြက်၊ ခြုံနွယ်များ ရိတ်သိမ်းခြင်း၊ ဆေးရောင်ပျက်နေသည့် ကပ်တုံးများနှင့် ပန်းခုံများ ဆေးရောင်ပြန်လည်သုတ်ခြင်း၊ အပန်းဖြေပန်းခြံလှပရေး ပြုပြင်ခြင်း၊ ကသာ-ဗန်းမော်လမ်းဘေးဝဲယာမှ မြက်၊ ခြုံနွယ်များ ရိတ်သိမ်းခြင်း၊ ရေမြောင်းများ ရှင်းလင်းခြင်း၊ ကိုယ်လက် လှုပ်ရှားခြင်းများ လုပ်ဆောင်နိုင်ရန်ထားရှိသော အပန်းဖြေပန်းခြံ အလှပုံဖော်ခြင်းနှင့် ရုံးတွင်းရုံးပြင် သန့်ရှင်းရေးစသည့် မြို့တွင်းသန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို နေ့စဉ်ပုံမှန် ကြိုးပမ်းဆောင်ရွက်နေကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော် က ပြောသည်။
ထို့အပြင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကသာမြို့ MPT ကုန်းအတက်တွင် ရောင်စုံကျောက် များဖြင့် ရောင်စုံကျောက်ပန်းကွက်များကို ပုံဖော်ထားရှိသည့်အပြင် ကော်ဖီခွက်များကိုလည်း ပြန်လည် ပုံဖော်ထားရှိကြောင်း သိရသည်။
ကသာ