တနိုင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထူအခြေပြု ဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

တနိုင်း အောက်တိုဘာ ၁၃

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းမ၌ ယနေ့နံနက်(၁၀)နာရီခွဲက အဆိုပါ ရုံးဝန်ထမ်းများဖြင့် စာရေးဆရာ "ကျော်ကျော်လှိုင်"၏  "ပျော်ရွှင်ခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကိုဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဦးက စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရန်၊ စာပေ အကြောင်းအရာများကို အပြန်အလှန်နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ  တိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဦးဖေအောင်(စာထောက်-၃)က"ရည်မှန်းချက်တွေ ဘာကြောင့်လိုအပ်သလဲ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်ဂျာအောင်လု (ရုပ်သံကျွမ်းကျင်-၃(ပြ))က "အလုပ်မှာပျော်အောင်နေပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းကို လစဉ်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝါဝါ