ပြည် အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ပထမအကြိမ် ဆေးထိုးနှံခဲ့ပြီး ဒုတိယအကြိမ် ထပ်မံထိုးနှံရန် သတ်မှတ်ရက် ပြည့်မီသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက စတင်၍ သီရိခေတ္တရာရတနာ မြို့တော်ခန်းမနှင့် အထက(၁)ပြည်အပါအဝင် ဆေးထိုးစုရပ်နေရာ(၉)ခုတို့၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ရက် ပြည်မီသူများတွင် နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ အသက် ၅၅ နှစ်နှင့် အထက်ရှိသူများ၊ သာသနာ့ဝန်ထမ်းများ၊ စက်ရုံ အလုပ်ရုံ လုပ်သားများ ပါဝင်ကြောင်း သိရပြီး ၄င်းတို့အား ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေး ဝန်ထမ်းများနှင့် အတူ ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ကိုဆက်