ကာလိ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်း စေရေးအတွက် ယနေ့နံနက်(၉)နာရီအချိန်ခန့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသူများအား ကာလိမြို့ အမှတ်(၁)ရပ်ကွက်ရှိ နမ့်ခုံးရှမ်းများ ပရဟိတခန်းမ၌ စုပေါင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ပြည်သူများ တို့အား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ကျော်(ကာလိ)