ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့် ဆရာတော်၊ သံဃာတော်များအား ဘုန်းတော်ကြီးကျောင်းများအရောက် ကာကွယ်ဆေးထိုးနှံပေး

ဝေါ အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် အကြောင်း အမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသော ဆရာတော်၊ သံဃာတော် များအား ယနေ့ နံနက်ပိုင်းမှ စတင်၍ ဘုန်းတော်ကြီးကျောင်းများအရောက်  Phase(3) Sinopharm (5)Dose အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်  လိုက်လံထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆရာတော်၊ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် တာဝန်ရှိသူများက ဖူးမြော်ကြည်ညိုကာ လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဆွေးနွေးဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဝေါမြို့နယ်တွင် ဆေးထိုးရန်ကျန်ရှိနေသည့် ဆရာတော်၊ သံဃာတော်အပါး(၄၀)အား ပထမအကြိမ် Phase(3) Sinopharm (5)Dose အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်ကာ ယနေ့အပြီး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)