သီပေါမြို့နယ် ကိုဗစ်၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး နှင့် အသက် (၁၂)အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးညှိနှိုင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်၌ လူဦးရေ (၃၈၈၀)ဦးအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေး

ရန်ကုန်‌တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် လျော့နည်း ပပျောက်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများနှင့် ဒုတိယအကြိမ် ပြန်လည်ထိုးနှံမည့် ပြည်သူများအား ဆေးထိုးစုရပ်(၁၃)ခုတွင် ယနေ့နံနက် ၉ နာရီမှ စတင်ကာ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိသည်။

မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သီတင်းကျွတ်လ ဆီမီးထွန်းညှိပူဇော်ပွဲ ကျင်းပမည်

မိတ္ထီလာမြို့ မိတ္ထီလာမြောက်ကန်ဦးကန်ထိပ်တွင် တည်ထားကိုးကွယ်သည့် ဓမ္မသုခရွှေစည်းခုံ စေတီ တော်တွင် သီတင်းကျွတ်လ ဆီမီးထွန်းညှိပူဇော်ပွဲအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သုံးရက်တိုင်ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။

ပွင့်ဖြူမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဆက်လက် ထိုးနှံပေးနေကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကာကွယ်ဆေး ထိုးနှံလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံလျက်ရှိသည့် ကျောင်းသား၊ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်း များကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၁၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ညောင်တုန်းမြို့နယ်ရှိ Volunteer များ အတွက်စားစရိတ်နှင့် လူနာတင်ယာဉ်ဆီဖိုးငွေများ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ် အတွင်းရှိ Volunteer များအတွက် စားစရိတ်နှင့် လူနာတင်ယာဉ်ဆီဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက် များသို့ သွားရောက်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

စက်ရုံ၊ အလုပ်ရုံများနှင့် အလုပ်သမားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တွံတေး၌ ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှု မဖြစ်ပွားစေရေးနှင့် တားဆီး ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ စက်မှုဇုန်ပြင်ပ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများ၊ နေ့စား ဝန်ထမ်းများနှင့် အလုပ်သမားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

သထုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော် ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ် လှူဒါန်းရေစက်ချ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
Subscribe to