ရေနံချောင်းမြို့တွင် မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းချုပ်မှ လူတစ်ဦးလျှင် စာအုန်းဆီ တစ်ပိဿာ ၃၉၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် ယနေ့နံနက် ၈ နာရီအချိန်မှစ၍ လူတစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာ ၃၉၀၀ ကျပ်ဖြင့် မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းချုပ်မှ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်၁၀နာရီက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်သည်။                           

ပုဏ္ဏားကျွန်းမြို့နယ်၌ “ပန်းခင်းစီမံချက်”ဖြင့်ဆောင်ရွက်သည့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံး မှ ဝန်ထမ်းများက ပန်းခင်းစီမံချက်(၄)ရပ်နှင့်အညီ ဆောင်ရွက်ထားရှိသည့် အိမ်ထောင်စုလူဦးစာရင်းနှင့်နိုင်ငံသားစီစစ်ရေးကတ်ပြားများပေးအပ်ပွဲကို ယနေ့၊ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်အချက်များအား ကရင်၊မြန်မာနှစ် ဘာသာဖြင့်အသိပေးနှိုးဆော်

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ပိုင်ကျုံမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ချက်များကို ယနေ့နံနက်(၈)နာရီအချိန်တွင် ကာကွယ် ဆေးထိုးရန်စုရပ်ဖြစ်သည့် ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသိပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။

ချောင်းသာမြို့ Akariz Hotel အား ရောဂါပိုးတွေ့ရှိရာမှ Lock Down ချထားပြီး ပြန်လည် ဖွင့်လှစ် ခွင့်ပြု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ AKARIZ Hotel အား ရောဂါပိုးတွေ့ပြီး Lock Down ချထားရာမှ ယနေ့ နံနက် ၈ နာရီအချိန်က ပြန်လည်ဖွင့်လှစ်ခွင့် ပြုခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးရန် ကျန်ရှိသော သူများအား ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၇)နာရီမှ ညနေ(၄)နာရီ ထိ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည် ဖြစ်ကြောင်းသိရသည်။

အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ လျော့နည်းပပျောက်စေရေး Mask Campaign ဆောင်ရွက်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ လျော့နည်းပပျောက် စေရေး Mask Campaign ဆောင်ရွက်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီ က စမ်းချောင်းရပ်ကွက်၊ ပြည်လမ်း အထက(၁) ရွှေရတုခန်းမ၌ ကာကွယ်ဆေးလာရောက်ထိုးနှံသော ပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ် ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်ဆိုင်း(ကြူကုတ်)မြို့ လူထုအခြေပြုဗဟိုဌာန Community Centre  ရုံးခန်းတွင် Book Club စာဖတ်ဝိုင်း  ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က(Book Club) စာပေချစ်သူများ အသင်းဖြင့် စာရေးဆရာ ခင်မောင်ဌေး၏ ဗြဟ္မစိုရ်နှလုံးသားနှင့်ခံစားမှု့သုတရသစာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက် ခဲ့သည်။

ကျွန်းလှမြို့နယ်၌ မိုးစပါး မျိုးစေ့ထုတ်စံပြကွက် စိုက်ခင်းများ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်းနှင့် မျိုးကွဲနုတ်ပယ်ခြင်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မြို့မနည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေအတွင်းစိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ်စံပြကွက် စိုက်ခင်းများ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်းနှင့် မျိုးကွဲနုတ်ပယ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း ဆောင်ရွက်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေ

အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက အောက်တိုဘာ ၁၅ ရက် နံနက် ၇ နာရီခွဲက  အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
Subscribe to