မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့် အသက် (၅၅) နှစ်နှင့်အထက် ပြည်သူများ၊ သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာ၊ သီလရှင်များ၊ သာသနာရေး ခေါင်းဆောင်များ၊ ဝန်ထမ်းများ၊ မသန်းစွမ်းသူများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ လူမှုရေးပရဟိတအသင်းအဖွဲ့ဝင်များ၊ ပညာရေးဌာနဝန်ထမ်းများနှင့် ဦးစားပေးအုပ်စုများတွင် ပါဝင်သူများအား တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စုရပ်(၇)နေရာတွင် အောက်တိုဘာလ (၂) ရက်နေ့မှစတင်၍ တတိယအသုတ်ထိုးနှံသူ (၂၇၃၆၅) ဦးရှိပြီး ယနေ့တွင်လည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။