ဇေယျာသီရိမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး(Sinovac)ဆက်လက်ထိုးနှံ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ယူလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ၁၉ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ် နိုင်ရန် အတွက် ပထမကြိမ် ကိုဗစ်ကာကွယ်ဆေး စတုတ္ထရက်ကို ယနေ့နံနက် ( ၉ ) နာရီက ရေဆင်း(အ.ထ.က)ကျောင်းနှင့် ပြည်စံအောင် (အ.ထ.က)ကျောင်းတို့တွင် ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။