အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ လျော့နည်းပပျောက်စေရေး Mask Campaign ဆောင်ရွက်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်

အောင်လံ အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ လျော့နည်းပပျောက် စေရေး Mask Campaign ဆောင်ရွက်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ()နာရီ က စမ်းချောင်းရပ်ကွက်၊ ပြည်လမ်း အထက() ရွှေရတုခန်းမ၌ ကာကွယ်ဆေးလာရောက်ထိုးနှံသော ပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊  မြို့နယ် ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ဝေသော ဖန်ခါးမြေ လက်ကမ်းစာစောင်ဖြစ်ပြီး ပါဝင်သောအချက်များမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပြည်သူအားလုံး ပါဝင်ပေး၊ ကိုဗစ်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ၊ ကူးစက်ရောဂါ နှိမ်နင်းရေးဥပဒေဆိုတာဘာလဲ၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးမှ ကင်းဝေးစေလိုသည့်စေတနာ၊ ကာကွယ်ဆေးထိုးရန်လို၊ RDT Test Kid ဖြင့် အခမဲ့စစ်ဆေးနိုင်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအဓိက သတင်းစကား (၁၁)ချက်စသည့် အကြောင်းအရာပါအချက်များ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပါးစပ်နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးသိန်း