ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်အချက်များအား ကရင်၊မြန်မာနှစ် ဘာသာဖြင့်အသိပေးနှိုးဆော်

ပိုင်ကျုံ   အောက်တိုဘာ   ၁၅

 

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ပိုင်ကျုံမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်  ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ရေး အသိပညာပေးနှိုးဆော်ချက်များကို ယနေ့နံနက်(၈)နာရီအချိန်တွင် ကာကွယ် ဆေးထိုးရန်စုရပ်ဖြစ်သည့် ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌  အသိပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။     

ထိုသို့ အသိပညာပေး နှိုးဆော်ချက်များ ကြေညာရာတွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် တာဝန်ရှိသူတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါသည် မိမိကစ၍ ကာကွယ်ရမည့်ဖြစ်ရာ   ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက် ပြန့်ပွားမှုကိုလျှော့နည်းစေမည့်နည်းလမ်းများကို ကာကွယ်ဆေး လာရောက်ထိုးနှံသည့် မိဘပြည်သူများအား အသိပညာ ဗဟုသုတ ပိုမိုသိရှိစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်း များနှင့်     ကာကွယ်ဆေး ထိုးပြီးသော်လည်း  ဆက်လက်လိုက်နာဆောင်ရွက်ရမည့်အချက်များအား ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။

 

ပိုင်ကျုံ (ပြန်/ဆက်)