တပ်ကုန်းမြို့၌ မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များ နှင့်ပတ်သက်သည့်  စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံကာ ဆွေးနွေးမေးမြန်းခြင်း

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအား ပြန်ကြားပေးရန် ၊ ဖျော်ဖြေပေးရန် ၊ အသိပညာပေးရန် စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ခရိုင်ရုံးမှ ဝန်ထမ်းများသည် အောက်တိုဘာလ ၁၅ ရက် ၊ နံနက်(၁၀)နာရီက လွိုင်လင်မြို့နယ် ပညာရေးမှူးရုံးသို့သွားရောက်၍ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း ၊ အထက်တန်း ကျောင်းသား/သူများကို နိုင်ငံတော်၏စီမံမှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များ နှင့်ပတ်သက်သည့်  စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံကာ ဆွေးနွေးမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

ပျဉ်းမနားမြို့တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက်(၁၂)နှစ် အထက် ကျောင်းသားကျောင်းသူများကို မင်္ဂလာဗျူဟာသာသနာ့ဗိမ္မာန်တွင်လည်ကောင်း၊ ဒုတိယအသုတ်၊ ပထမအကြိမ်ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် အမှတ် ၃ အခြခံပညာအထက်တန်းကျောင်း၌လည်ကောင်း ထိုးနှံပေးလျက်ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းအား ယမန်နေ့ နံနက်(၉)နာရီ အချိန်ခန့်က မြို့မကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့တွင် ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သောအနာဂတ်ခေါင်းစဉ်ဖြင့် အသိ ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် အနာဂတ်ပန်းခင်းများဆီသို့ ညာသင် ကြားနိုင်ရေးအတွက် ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးကြရန်အတွက် ကာကွယ်ဆေးဖြင့် လွှမ်ခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ခေါင်းစဉ်ဖြင့် အသိပညာပေးလက်ကမ်း စာစောင် ဖြန့်ဝေခြင်း ကို မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့တွင် အောက်တိုဘာ (၁၅) ရက်နံနက်( ၇)နာရီကတာဝန်ရှိသူများမှဖြန့်ဝေခဲ့ကြောင်းသိရသည်။

ဖျာပုံမြို့နယ် သလိပ်ကြီးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်ဦးဆောင်သော ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဖျာပုံမြို့နယ် သလိပ်ကြီးကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဒက္ခိဏသီရိမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် ဦးတည်အုပ်စုအလိုက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် အသက်၁၈နှစ်နှင့်အထက်လူငယ်လူရွယ်များ၊ နာတာရှည် ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက်(၄၀) နှစ်နှင့် အထက်အသက်ကြီးသူများနှင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသည့် ဦးတည်အုပ်စုအလိုက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစတင်၍ အမှတ်(၁၈)အခြေခံပညာ အထက်တန်းကျောင်းဆေးထိုးစုရပ်၌ ထိုးနှံပေးလျက်ရှိသည်။

မြဝတီမြို့၌   မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးများအား စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးများအား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက ပြုလုပ်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်(ဒုတိယအကြိမ်) ထိုးနှံခြင်းနှင့် ကျန်းမာရေး အသိ ပညာပေးဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး ဒုတိယ အသုတ်(ဒုတိယအကြိမ်) ထိုးနှံခြင်းအားဘုရားသူံးဆူမြို့အ.ထ.ကကျောင်းဝင်းအတွင်း၌ ယနေ့ နံနက် ၉ နာရီ အချိန်တွင် ဒုတိယမြောက်နေ့ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to