နောင်မွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့် ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး အားကစားစိတ် ဓါတ်ထက်သန်လာစေရန်နှင့်မြို့နယ်အတွင်းမှအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်ညနေ(၃)နာရီတွင် မြို့နယ်အားကစားကွင်း၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီကျင်းပသည်။

ခင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံရန် ကျန်ရှိနေသော အသက် (၁၈) နှစ်အထက် ပုဂ္ဂိုလ်များကို ယနေ့နံနက် ၉ နာရီ က မြို့နယ်ပြည်သူ့ဆေးရုံ (မိခင်နှင့်ကလေးကျန်းမာရေးဌာန) တွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါကူးစက်ပြန့်ပွားမှုလျောကျစေရန်ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကိုစဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက    မြို့နယ်အတွင်းရှိကျေးရွာများအရောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဝမ်းတွင်းမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ အသက်(၁၂) အထက်ရှိသူ ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်(၈) နာရီ အချိန်က သဲတော အ.ထ.က တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နမ့်စန်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ် အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးနိုင်ရန်အတွက် ပြည်သူများသိရှိနိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက မြို့လယ်မီးပွိုင့်လမ်းဆုံ နှင့် မြို့မစည်ပင်သာယာဈေး အနီးတို့တွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အသက်၁၂နှစ်နှင့်အထက် ကျောင်းသား/သူများကို ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုး ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် အသက်၁၂နှစ်နှင့်အထက်ကျောင်းသား/သူများကို ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၁)နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့နယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား ဒုတိယအသုတ်အနေဖြင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးလျက်ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား ဒုတိယအသုတ် အနေဖြင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို အောက်တိုဘာ(၁၀)ရက်နေ့မှစတင်ကာ သတ်မှတ်နေရာများ၌ ထိုးနှံ ပေးခဲ့သည်။
Subscribe to