မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးရန် ကျန်ရှိသော သူများအား ထိုးနှံပေး

မိုင်းတုံ     အောက်တိုဘာ     ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၇)နာရီမှ ညနေ(၄)နာရီ ထိ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည် ဖြစ်ကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးရာတွင်  မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးလာ ရောက်ထိုးနှံသူများကို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ ဒုတိယအကြိမ်ထိုးသူများကို လက်မှတ်များထုတ်ပေးခြင်း၊ ကာကွယ်ဆေးမထိုးရသေးသူ များအား ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်၍ ကျန်းမာရေးဝန်ထမ်းများက  ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးသူများနှင့် ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူအားလုံးထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီး ရေးရာအဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးသည်။

မိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) အလုံးရေ (၈၅)လုံးရရှိထားပြီး  ကာကွယ် ဆေး တစ်လုံးလျှင် () ဦး နှုန်းဖြင့် (၄၂၅) ဦး တို့ကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆွေးထိုးနှံရာသို့ ဌာန ဆိုင်ရာ တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

ဝင်းဝင်းခိုင် (မိုင်းတုံ၊ ပြန်/ဆက်)