ပန်ဆိုင်း(ကြူကုတ်) အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က(Book Club) စာပေချစ်သူများ အသင်းဖြင့် စာရေးဆရာ ခင်မောင်ဌေး၏ ဗြဟ္မစိုရ်နှလုံးသားနှင့်ခံစားမှု့သုတရသစာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက် ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြိုဦးစီးမှူး ဒေါ်အိအိဖြူက စာဖတ်ဝိုင်း ပြုလုပ်ရခြင်းကြောင့် စာပေ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရန်၊ စာပေအကြောင်းအရာများကို ဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒေါ်စမ်းစမ်းကနှလုံးသားကိုအလှဆင်ပါ ဦးစိုးသန့်် က စာမဖတ်သောတိုင်းပြည်၊ ဦးနေမျိူးထွန်း က နှုတ်ကောင်းလျှင်ပြည်စိုးနိင်သည် စသည့် ခေါင်းစဉ် အသီးသီး တို့ကို တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြ ပြီးစာဖတ်ဝိုင်းကို တစ်လလျှင် (၁)ကြိမ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အိဖြူပန်ဆိုင်း(ကြူကုတ်)