ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ဦးစားပေးအုပ်စု အလိုက် တတိယအသုတ်(ပထမ)အကြိမ် ဆက်လက်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသေးသည့် ပြည်သူများအား ဦးစားပေးအုပ်စုအလိုက် တတိယအသုတ် (ပထမ)အကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် ဆက်လက်ထိုးနှံပေးလျှက် ရှိသည်။

ကျောက်ထုတွင် ၃ ထပ် တိုးချဲ့ စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ၃ ထပ် စာသင်ဆောင်သစ် အဆောက်အဦး တိုးချဲ့ဆောက်လုပ်ခြင်း လုပ်ငန်းအား မကွေးတိုင်းဒေသကြီး (နိုင်ဇာနည်) ဆောက်လုပ်ရေး ကုမ္ပဏီ မှ တာဝန်ယူ ဆောက်လုပ်လျက်ရှိသည်။

အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည့် အခြေအနေနှင့် ပတ်သက်၍ ဆရာ၊ မိဘ၊ ကျောင်းသား တို့၏ရင်တွင်း ပီတိ စကားသံများ

ပျော်ဘွယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော အသက်(၁၂) နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများကို မကြာမီရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် အခြေအနေနှင့်ပတ်သက်၍ ဆရာ၊ မိဘ၊ ကျောင်းသား တို့၏ ရင်တွင်း ပီတိစကားသံများကို ဖော်ပြလိုက်ရပါတယ်။

ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓါတ်ပုံများပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး အသိပညာပေး နံရံကပ်စာစောင် နှင့် ဓါတ်ပုံများပြသမှုကို ယနေ့ နံနက်ပိုင်း ဆောင်ရွက်ခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့တာဝန်ရှိသူများမိုင်းခတ်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများအား တွေ့ဆုံ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ် ဝန်ကြီးများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ညနေ၃နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တန့်ဆည်မြို့နယ်တွင် မိုးစပါးရေကြီးနစ်မြုပ် ထိခိုက်ဧကများသို့ ပုလဲဓါတ်မြေသြဇာထောက်ပံ့

၂၀၂၁-ခုနှစ် မိုးစပါးစိုက်ရာသီအတွင်း မိုးရွာသွန်းမူကြောင့် မိုးစပါးရေကြီးနစ်မြုပ်ထိခိုက်ဧကများသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန က ပုလဲဓါတ်မြေသြဇာထောက်ပံ့ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိ မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

မှော်ဘီမြို့နယ်ရုံးတွင် ပန်းခင်းစီမံချက် အသိပညာပေး Talk show ပြုလုပ်ကျင်းပ

မှော်ဘီမြို့နယ်ရုံးတွင် ပန်းခင်းစီမံချက် အသိပညာပေး Talk show ပြုလုပ်ကျင်းပ မှော်ဘီ အောက်တိုဘာ ၁၅ ကောင်းမြတ်သူ
Subscribe to