ချောင်းသာမြို့ Akariz Hotel အား ရောဂါပိုးတွေ့ရှိရာမှ Lock Down ချထားပြီး ပြန်လည် ဖွင့်လှစ် ခွင့်ပြု

ချောင်းသာ  အောက်တိုဘာ ၁၅ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ AKARIZ Hotel အား ရောဂါပိုးတွေ့ပြီး Lock Down ချထားရာမှ ယနေ့ နံနက် ၈ နာရီအချိန်က ပြန်လည်ဖွင့်လှစ်ခွင့် ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ AKARIZ Hotel မှ ဝန်ထမ်း (၁)ဦးသည် အစာအိမ်နာရောဂါဖြင့် ဆေးခန်းပြသရာမှ ကိုယ် အပူချိန်မကျသဖြင့် တိုက်နယ်ဆေးရုံတွင် RDT စနစ်ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ၍ ၎င်းနှင့်ထိတွေ့ခဲ့သူ ဟိုတယ်ဝန်ထမ်း(၅၈)ဦးအား(PCR)စနစ်ဖြင့်ဓါတ်ခွဲနမူနာရယူ၍  စစ်ဆေးခဲ့ရာ (၂၉)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် (၇-၁၀-၂၀၂၁)နေ့မှ စတင်၍ Lock Down ချထားခဲ့ခြင်း ဖြစ်ပါ သည်။

ယခုအခါ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ(၁၃)ဦးအား ဆေးရုံဆင်းခွင့်ရရှိပြီး၊ ကျန်(၁၆)ဦး မှာ ချောင်းသာပြည်သူ့ဆေးရုံတွင် ကျန်းမာရေးကောင်းမွန်စွာဖြင့် ဆေးဝါးကုသမှု ခံယူလျှက်ရှိကြောင်း မြို့ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်တီဥက္ကဋ္ဌ ဦးကျော်သူ ထံမှ သိရ သည်။

ဦးကျော်စိုးဝင်း