ရေနံချောင်းမြို့တွင် မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းချုပ်မှ လူတစ်ဦးလျှင် စာအုန်းဆီ တစ်ပိဿာ ၃၉၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိ

ရေနံချောင်း အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် ယနေ့နံနက် နာရီအချိန်မှစ၍ လူတစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာ ၃၉၀၀ ကျပ်ဖြင့် မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းချုပ်မှ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စားသုံးသူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး ဆီကုန်သည်ကြီးများ အသင်းကပေးတဲ့ စားအုန်းဆီကို လူတစ်ယောက် တစ်ပိဿာ ၃၉၀၀ ကျပ်နဲ့ ဖြန့်ဝေရောင်းချပေးနေတာ ဖြစ်ပါတယ်။ ဒီနေ့တစ်နေကုန်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အခုလည်းလာရောက်ဝယ်ယူနေတဲ့သူတွေ အများကြီးရှိပါတယ်ဟု ရေနံချောင်းမြို့ မြို့မတောင်ရပ်ကွက် အောင်မြင်ရောင်းဝယ်ရေးမိသားစုမှ ဦးအုန်းမောင် က ပြောသည်။

ဆီတစ်ပိဿာ ၃၉၀၀ ကျပ်ဆိုလို့ ဈေးချိုလို့ လာဝယ်တာပါ။ ဝမ်းသာတာပေါ့။ ပဲဆီဆိုရင် ၆၀၀၀၊ ၇၀၀၀ ကျပ်ရှိတယ်။ အခုစာအုန်းဆီဆိုရင် ပေါက်ဈေးက ၄၉၀၀၊ ၅၀၀၀ ကျပ်လောက်ရှိတယ်။ ဒီမှာ ၃၉၀၀ ကျပ်ဆိုတော့ ဈေးချိုတာပေါ့။ အဲဒါကြောင့်လာဝယ်တာပါဟု မြို့မတောင်ကမ်းနားရပ်က မစန်းစန်းဝင်း က ပြောသည်။

စားသုံးသူများဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ရေနံချောင်းမြို့ မြို့မဈေးတွင် အောင်မြင်ရောင်းဝယ်ရေး၊ နွားဝန်တင်ရောင်းဝယ်ရေး၊ ကျော်ဆီဆိုင်နှင့် စူပါမင်းဆီဆိုင်တို့တွင်လည်းကောင်း ရေနံချောင်းစက်မှုဇုန်ရပ်တွင် ရီတာပေါ့ဆီစက်၊ ရောင်နီဆီစက်တို့တွင်လည်းကောင်း စားအုန်းဆီတစ်ပိဿာကို ၃၉၀၀ ကျပ်နှုန်းဖြင့် ယနေ့တစ်ရက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းငြိမ်းအိ