မိုင်းယန်း အောက်တိုဘာ ၁၅
အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက အောက်တိုဘာ ၁၅ ရက် နံနက် ၇ နာရီခွဲက အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မိုင်းယန်းမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ၊ ဈေးရောင်းဈေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်း မပြုမည့် ကျောင်းသား/ကျောင်းသူများ၊ ကျွမ်းကျင်သည့် သမားတော်၊ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ ၎င်းတို့၏အကြံပြုချက်အရ ကာကွယ်ဆေးထိုး နှံပေးမည့် ကျောင်းသား၊ ကျောင်းသူများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး၏ နောက်ဆက်တွဲပြဿနာများ စသည့်အကြောင်းအရာ များပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)