ဥတ္တရသီရိ အောက်တိုဘာ ၁၅
ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်၁၀နာရီက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမိုးက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဥတ္တရခရိုင်အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ပွင့်ဖြူစင်သက်က ကလေးအလုပ်သမားနှင့်စပ်လျဉ်းသည့် နိုင်ငံတကာ စံနှုန်းနှင့် သတ်မှတ်ချက်များ၊ နေပြည်တော်ကောင်စီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီနှင့် လုပ်ငန်းကော်မတီ(၈)ရပ်၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အဆိုပါလုပ်ငန်း ကော်မတီ (၈)ရပ်၏ လုပ်ငန်းစီမံချက်ပါဆောင်ရွက်မည့် အခြေအနေများ၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး လုပ်ငန်းများဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနေခြင်း၏ ရည်ရွယ်ချက်များ စသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလ အတွင်း၌ ပြည်သူများအသိပညာပေးဗဟုသုတများစွာရရှိစေရန် ရည်ရွယ်၍ အသိပညာပေး Talk Show အစီအစဉ်များကို Online မှ တစ်ဆင့်လစဉ်ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ Talk Show အစီအစဉ်များအား ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက် Facebook page တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်းသိရသည်။
ကျော်စွာဟိန်း (ပြန်/ဆက်)