ပုဏ္ဏားကျွန်းမြို့နယ်၌ “ပန်းခင်းစီမံချက်”ဖြင့်ဆောင်ရွက်သည့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

ပုဏ္ဏားကျွန်း အောက်တိုဘာ ၁၅

 

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံး မှ ဝန်ထမ်းများက ပန်းခင်းစီမံချက်(၄)ရပ်နှင့်အညီ ဆောင်ရွက်ထားရှိသည့် အိမ်ထောင်စုလူဦးစာရင်းနှင့်နိုင်ငံသားစီစစ်ရေးကတ်ပြားများပေးအပ်ပွဲကို ယနေ့၊ နံနက်  (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

 

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်သိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်က “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”  ပန်းခင်းစီမံချက်(၄)ရပ်နှင့်အညီ ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းပြောကြားသည်။  ဆက်လက်၍ နိုင်ငံသားစီစစ်ရေးကတ် များနှင့်အိမ်ထောင်စုလူဦးရေစာရင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ဇေခိုင်ဟိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည် သူအင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးကျော်နု တို့က   သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြသည်။

 

 

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ကျေးရွာအုပ်စု(၁၄)စုတို့မှ အမျိုးသား ၁၅၁ ဦး၊ အမျိုးသ မီး ၂၆၆ ဦး၊ စုစုပေါင်း(၄၁၇)ဦးတို့အတွက် ပေးအပ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

 

နီထွန်းအောင်