ဟင်္သာတခရိုင်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ ပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ခရိုင်အတွင်း မြို့နယ်များတွင် ဆောင်ရွက်မည့် လုပ်ငန်း များအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။