တောင်တွင်းကြီးမြို့နယ်၌ ဝါသီးနှံစိုက်ခင်းအားဆေးဖျန်းစက်ဖြင့် ဆေးဖျန်းခြင်း တောင်သူပညာပေး သရုပ်ပြပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ဝါသီးနှံစိုက်ခင်းအားဆေးဖျန်းစက်ဖြင့် ဆေးဖျန်းခြင်း ပညာပေးသရုပ်ပြပွဲကို ယနေ့နံနက် (၈)နာရီ က ခင်တဲကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ တောင်သူ ဦးအေးလွင် ပိုင်ဆိုင်သော ယာမြေကွက် (၂)ဧကအတွင်း စိုက်ပျိုးထားသည့် ဝါသီးနှံစိုက်ခင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။