ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တက်ရောက်အမှာစကားပြောကြား

ပင်းတယ အောက်တိုဘာ  ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် အတွင်းရှိ အသက် (၁၂)နှစ်အထက်ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီအချိန်က ပင်းတယမြို့၊ ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ -၂ ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းမှ  အဖွင့်အမှာစကားပြောကြားပြီး၊ ပင်းတယမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ဦးကျော်မိုးလွင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက် ၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ပင်းတယမြို့နယ်၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးမှ အသက်(၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက် ထားရှိမှုနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ပညာရေးမှူးမှ အသက် (၁၂) အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ၊ ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရွာငံမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဌ ဦးခင်မောင်ဦးမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု့ အခြေအနေများ၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေအား လည်းကောင်း၊ ရွာငံမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မှ အသက် ၁၂ နှစ် အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် ကာကွယ်ဆေးထိုးနှံရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ မြို့နယ်ပညာရေးမှူးက အသက် ၁၂ နှစ် အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ် ကာကွယ်ဆေးထိုးနှံပေးရန် ဆေးထိုးရန် စုရပ်များ စီမံ ဆောင်ရွက်ထား ရှိမှုအခြေအနေများအား ဆွေးနွေးခဲ့ကြရာ၊ လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက် နိုင်ရေး အတွက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှ လိုအပ်သည်များဖြည့်စွက်လမ်းညွှန်မှာကြား ပေးခဲ့ကြောင်း သိရသည်။

 ပင်းတယ (ဒေသ ပြန်/ဆက်)