ပျဉ်းမနားမြို့တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

ပျဉ်းမနား        အောက်တိုဘာ  ၁၄

ပြည်ထောင်စုနယ်မြေနေပြည်တော်ပျဉ်းမနားမြို့တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများကို မင်္ဂလာဗျူဟာသာသနာ့ဗိမ္မာန်တွင်လည်ကောင်း၊ ဒုတိယအသုတ်၊ ပထမအကြိမ်ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် အမှတ် အခြခံပညာအထက်တန်းကျောင်း၌လည်ကောင်း ထိုးနှံပေးလျက်ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်တွင် အသက်(၁၂)နှစ်အအထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူ ၁၁၀၀၀ ဦးကျော်ရှိရာ  အောက်တိုဘာလ(၁၂)ရက်နေ့ မှ (၁၄)ရက်နေ့အထိ တစ်ရက်လျှင် (၁၀၀)ဦးနှုန်းဖြင့် (၃၀၀)ဦး ထိုးနှံပေးပြီးဖြစ်ကာ ယနေ့နံနက်ပိုင်းမှစတင်၍ တစ်ရက်လျှင် (၄၀၀)ဦး ထိုးနှံပေးသွားမည်ဖြစ်သည်။

ဒုတိယအသုတ်၊ ပထမအကြိမ်ထိုးနှံပေးရာတွင် ယခင်ကာကွယ်ဆေးထိုးနှံခွင့်ရရှိသူများမှ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများ၊ နာတာရှည်ရောဂါခံစားနေရသူများ၊ မသန်စွမ်းသူ များနှင့် အသက် ၅၅ နှစ်မှ ၆၄ နှစ်အကြား အသက်ကြီးသူများကို အဆင့်အလိုက်ထိုးနှံပေးခဲ့ရာ  လူဦးရေ ၂၅၄၉၆ ဦး ထိုးနှံပေးပြီးဖြစ်ကာ အဆိုပါ ပထမအကြိမ် ထိုးနှံပြီးသူများအား ယခုဒုတိအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဇော်ဖြိုး(ပြန်/ဆက်)