တပ်ကုန်းမြို့၌ မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တပ်ကုန်း အောက်တိုဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပသည်။

အဆိုပါပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပရာတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးဒေါ်တင့်တင့်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူ ကလေး ငယ်များ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်စေရန်နှင့် တီထွင်ဖန်တီးမှု စွမ်းရည်များ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ မူလတန်း အဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ကျောင်းသား/သူ ကလေးငယ်(၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြသည်။

ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသည့် ကျောင်းသား/သူ ကလေးငယ်များကို မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်နှင့် (Star Crown) ကိုယ်ပိုင်သင် မူကြို ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ဇင်ဝေဝေဖြိုးတို့က ဆုတံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြိုင်ပွဲဝင်ကျောင်းသား/သူ ကလေးငယ်အားလုံး လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်