ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်ချက်များ အရှိန်အဟုန်မြှင့် လိုက်လံ ကြေညာပေး

ပိုင်ကျုံ   အောက်တိုဘာ  ၁၅

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်၁၉-ရောဂါဆိုးကြီးသည်လျှင်မြန်စွာကူးစက်ပျံ့ပွားလျက်ရှိပြီး နေ့စဉ်ရောဂါကူး စက်မှုများဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက်ပျံ့ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့ အသိပေးပန်ကြားချက်များအား ယမန်နေ့ ညနေ(၄)နာရီအချိန်က ထန်းတပင် ကျေးရွာသို့ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။     

 

အသိပညာပေး နှိုးဆော်ချက်များကြေညာရာတွင်     မဖြစ်မနေအိမ်တွင်း၌သာနေထိုင်ပါ။     သို့မှာသာ ရောဂါ ကွင်းဆက် ပြတ်တောက်ပြီးကူးစက်မှုကို ထိထိရောက်ရောက်ကာကွယ်နိုင်မှာဖြစ်ပါသည်။ ပြင်ပမှ လာသောဧည့်သည်များ  လက်မခံကြ ပါရန်နှင့်  မိမိတို့ကလည်း   အခြားသူများထံ  သွားရောက်ခြင်း မပြုကြရန်၊ အရေးကြီးကိစ္စကြောင့်အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ပါ၊ အခြား သူများနှင့်ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့်နှာခေါင်းစည်းမတပ်ထား သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှရှောင်ကြဉ်ကြပါရန်၊   လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကိုရှောင်ကြပါ၊ အရာဝတ္တု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း  လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင်စနစ်တကျ ဆေးကြောကြပါ၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့်မျက်စိတို့ကိုပွတ်သတ်ခြင်း၊   ကိုင်တွယ်ခြင်းနှင့်  ထိတွေ့ ခြင်း မပြုလုပ်ကြပါရန်၊ လေဝင်လေထွက်မကောင်းသော  အခန်းများသွားလာခြင်းမှ ရှောင်ပါ၊ သက်ကြီး ရွယ်အိုများနှင့်ဆီးချို၊သွေးတိုးနှင့် နှလုံးရောဂါ အခံရှိသူများရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါသည် ၊မိမိတို့၌ရောဂါပိုး ကူးစက်ခံနေရသည်ဟုသံသယ ရှိပါက     နီးစပ်ရာကျန်းမာရေးဌာနများသို့ဆက်သွယ်၍  မပျက်မကွက်စစ်ဆေးကုသမှု ခံယူကြပါ ရန်၊ အလှည့်ရရှိသော ကာကွယ်ဆေးများကို  မိမိတို့အတွက်အကောင်းဆုံးဖြစ်၍  ကာကွယ်ဆေးကိုအကြိမ်ပြည့်ထိုးနှံပါ၊ ကာကွယ်ဆေးထိုးပြီးသော်လည်း  ရောဂါကာကွယ်ရေးနည်းလမ်းများကို    ဆက်လက်လိုက်နာပါ၊      ရောဂါ ကာကွယ်ရေးနည်းလမ်းများကို     မိဘပြည်သူများအားလုံးက   ကိုယ်စီလိုက်နာကြပြီး   ပူးပေါင်းပါဝင် ဆောင်ရွက်ပေး ကြပါရန် စသည့် အချက်များပါဝင်ပါသည်။

 

ထိုသို့  လုပ်ငန်းများဆောင်ရွက်ခြင်းကို   ပိုင်ကျုံမြို့၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန တို့က ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှိုးဆော်ချက်များအားကရင်၊ မြန်မာ နှစ်ဘာသာဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ပိုင်ကျုံ (ပြန်/ဆက်)