ဇေယျာသီရိမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး(Sinovac)ဆက်လက်ထိုးနှံ

 

ဇေယျာသီရိ  အောက်တိုဘာ  ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ယူလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ၁၉ရောဂါဖြစ်ပွားမှုမှ   ကြိုတင်ကာကွယ် နိုင်ရန် အတွက်    ပထမကြိမ်   ကိုဗစ်ကာကွယ်ဆေး စတုတ္ထရက်ကို  ယနေ့နံနက် ( ၉ ) နာရီက ရေဆင်း(အ.ထ.က)ကျောင်းနှင့် ပြည်စံအောင်  (အ.ထ.က)ကျောင်းတို့တွင် ကာကွယ်ဆေး  ထိုးနှံပေးခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးသည့် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ကျောင်းသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးမထိုးမီ ကျောင်းသား/သူများ၏ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာ ခြင်းများပြုလုပ်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးနောက် ကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား/သူများအား မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေး စောင့်ရှောက် မှုများဆောင်ရွက်ပေးသည်။ပထမရက်တွင် ကျောင်းသား ဦးရေ(၁၀၀)ဦး၊ ဒုတိယ ရက်တွင် ကျောင်းသားဦးရေ(၁၀၀)ဦး ၊ တတိယရက်တွင် ကျောင်းသားဦးရေ(၁၀၀)ဦး ၊ စတုတ္ထရက်တွင်ကျောင်းသား လူဦးရေ(၈၀၀)ဦး စုစုပေါင်း ကျောင်းသားဦးရေ (၁၁၀၀)ဦးအား ကိုဗစ် ကာကွယ်ဆေး(Sinovac)ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်တွင် အခြေခံပညာကျောင်း ၂၇ ကျောင်းရှိပြီး ကျောင်းသားဦးရေ ၉၇၇၄ဦးရှိကာ အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ တစ်နေ့လျှင် ဦးရေ ၁၀၀ နှုန်းထိုးနှံပေးခဲ့ပြီး အောက်တိုဘာလ ၁၅ ရက်နေ့တွင်(၈ဝဝ)ဦး နှုန်းထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ဇေယျာသီရိမြို့နယ် ပညာရေးမှူး ဦးခင်မောင်လွင်ထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)