ရသေ့တောင်မြို့နယ်၌ အသက်(၁၂)နှစ်အထက်ကျောင်းသား၊ ကျောင်းသူ(၁၂၂၆၄) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် စတင်ထိုးနှံပေးမည်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) အား ပထမအကြိမ်အဖြစ် အောက်တိုဘာ ၁၇ ရက်နေ့မှစ၍ စတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့် လူနေအိမ်အချို့ အမိုးလန်ပျက်စီး

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ယမန်နေ့ နံနက်အစောပိုင်းက မိုးသည်းထန်းစွာ ရွာသွန်ပြီးလေပြင်းများ တိုက်ခတ်ခြင်းကြောင့် ကျေးရွာသုံးရွာမှ လူနေအိမ်အချို့နှင့် စေတီတစ်ဆူ ထီးတော်မြေခခြင်း၊ ကျေးရွာမူလတန်းကျောင်းတစ်ကျောင်း အမိုးလန်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

မြေပုံမြို့၊ စည်ပင်သာယာမြို့မဈေးကြီး၌ ဈေးမီးဘေး လုံခြုံရေး စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၊ စည်ပင်သာယာမြို့မဈေးကြီး မီးဘေးလုံခြုံရေးအတွက် ဈေးမီးဘေး လုံခြုံရေး စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့မဈေးကြီး၌ ပြုလုပ်သည်။

သာယာဝတီမြို့တွင် မြစ်မခရေတိုက်စားပြီးကမ်းပြိုကျမှုကြောင့် ပြိုလဲပျက်စီးနေအိမ်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီကစံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာ၌ မြစ်မခမြစ်ရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် အောက်တိုဘာလ (၇) ရက်နေ့တွင်ပြိုလဲပျက်စီးနေအိမ် (၃)လုံး၊ လူဦးရေ(၁၅၀)ဦးအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

ချင်းပြည်နယ်၊ဖလမ်းခရိုင်အတွင်းအသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား/သူ(၃၂၃၇)ဦးအားကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးမည်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်အတွင်း အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း တက်ရောက်မည့် ကျောင်းသားကျောင်းသူစုစုပေါင်း(၃၂၃၇)ဦးကို ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး ပထမအသုတ်(ပထမအကြိမ်) ထိုးနှံပေးရန်စာရင်းကောက်ယူလျာထား ကြောင်းသိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၁၀ ဦးထပ်မံ‌တွေ့ရှိ၊ ၁ ဦး သေဆုံး၊ ၁၃ ဦး ပြန်လည်ကျန်းမာလာ

ဟားခါးမြို့တွင် ယမန်နေ့၌ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၁၀ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၁ ဦးသေဆုံးကာ ၁၃ ဦး ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် ဘိုးဘွားများနေ့ အထိမ်းအမှတ်အဖြစ် အသက်(၁၀၆)နှစ်ရှိ အဘွား (၁) ဦး အား(၁)သိန်းကျပ်ချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီး၊   ပုသိမ်ခရိုင်၊   သာပေါင်းမြို့နယ်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက    ဘိုးဘွားများနေ့ အထိမ်းအမှတ်အတွက်    ချီးမြှင့်ငွေ (၁) သိန်းကျပ်အား အသက် (၁၀၆) နှစ်ရှိ အဘွားဒေါ်ပုစိန် အားချီးမြှင့် ပေးအပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာလများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်‌နေကြသော စေတနာ့ဝန်ထမ်း (၁၂) ဦးအတွက် စက်သုံးဆီနှင့် စားစရိတ်များ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊   ပုသိမ်ခရိုင်၊    သာပေါင်းမြို့နယ်တွင်    ကိုဗစ်-၁၉ ရောဂါ   ကာလအတွင်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသော လူမှုဂရုဏာအဖွဲ့၊ လူငယ်ကွန်ယက်အဖွဲ့၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များမှ စေတနာဝန်ထမ်း(၁၂)ဦးတို့အတွက် စက်သုံးဆီနှင့်စားစရိတ်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာရေးဆရာ ဒေါက်တာ လှကြည် (အာဟာရဆရာဝန်ကြီး) ကင်ဆာရောဂါနှင့် မြန်မာ့အစားအစာ စာအုပ်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်၊၊
Subscribe to